Myanmar Pearl Auction (December - 2019) ပြပွဲအစီအစဉ်များ (Myanmar)

myanmar-pearl-aution-01

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း

မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော်

Tel:-0673 414223

Myanmar Pearl Auction (December – 2019)

၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၏"Myanmar Pearl Auction (December-2019)" ကို EURO ငွေစနစ်ဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁ ၊ ၁၂ ၊ ၁၃)ရက်နေ့များတွင် နေပြည်တော်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ ရတနာဈေးထပ်၌ ရောင်းချပါမည်။

၂။ မည်သည့်နိုင်ငံသားမဆို တက်ရောက်ဝယ်ယူနိုင်ပါသည်။ တက်ရောက်ဝယ်ယူမည့် ပြည်ပပုလဲကုန်သည်များသည် အာမခံစပေါ်ငွေ EURO(2000)နှင့် ပြည်တွင်း ပုလဲကုန်သည် များသည် အာမခံစပေါ်ငွေ ကျပ် (၂၅)သိန်းကို ကြိုတင်ပေးသွင်းရပါမည်။ ပုလဲရောင်းချပွဲသို့တက်ရောက်ရန် မြန်မာ့ပုလဲ(ရုံးချုပ်)သို့ (၂.၁၂.၂၀၁၉)ရက်နေ့မှစတင်၍ လျှောက်ထား နိုင်ပါသည်။ ရောင်းချပွဲ အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက် (ဗုဒ္ဓဟူးနေ့)

      (၁) ပုလဲတွဲများ ပြသကြည့်ရှုခြင်း - (၀၉:၀၀- ၁၆:၃၀)နာရီ

      (၂) တင်ဒါအမှတ်(၁)ပိတ်သိမ်းခြင်း - (၁၆:၀၀)နာရီ

      (၃) တင်ဒါအမှတ်(၁)ကြေညာခြင်း - (၁၇:၀၀)နာရီ

(ခ) ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက် (ကြာသပတေးနေ့)

     (၁) ပုလဲတွဲများပြသကြည့်ရှုခြင်း - (၀၉:၀၀ - ၁၆:၃၀)နာရီ

     (၂) တင်ဒါအမှတ်(၂)ပိတ်သိမ်းခြင်း - (၁၂:၀၀)နာရီ

     (၃) တင်ဒါအမှတ်(၂)ကြေညာခြင်း - (၁၃:၀၀)နာရီ

     (၄) တင်ဒါအမှတ်(၃)ပိတ်သိမ်းခြင်း - (၁၆:၀၀)နာရီ

     (၅) တင်ဒါအမှတ်(၃)ကြေညာခြင်း - (၁၇:၀၀)နာရီ

(ဂ) ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက် (သောကြာနေ့)

     (၁) ပုလဲတွဲများပြသကြည့်ရှုခြင်း - (၀၉:၀၀ - ၁၂:၀၀)နာရီ

     (၂) တင်ဒါအမှတ်(၄)ပိတ်သိမ်းခြင်း - (၁၂:၀၀)နာရီ

     (၃) တင်ဒါအမှတ်(၄)ကြေညာခြင်း - (၁၃:၀၀)နာရီ

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း

Myanmar Pearl