ပုလဲဝယ်ယူထိန်းသိမ်းခြင်းဆိုင်ရာဗဟုသုတများ

တောင်ပင်လယ်ပုလဲ၏ ထူးခြားကောင်းမွန်သော အရည်အသွေးများ

        (၁)    အရွယ်အစားကြီးမားခြင်း
        (၂)    ပွင့်ရည်ကောင်းမွန်းခြင်း
        (၃)    ရွှေအိုရောင်ထွက်ရှိခြင်း

အကြမ်းဖျဉ်းအားဖြင့် ပုလဲအတုနှင့် အစစ်ခွဲခြားနိုင်သော အချက်များ

 

ပုလဲဝတ်ဆင်ထိန်းသိမ်းရာတွင် လိုက်နာသင့်သည့်အချက်များ

icon ပုလဲအား ပွတ်ခြစ်ခြင်းမှ ကာကွယ်ရန် မာကျောသော စိန်၊ ရွှေ စသည့် ရတနာများနှင့် အတူ     မထားရပါ။
icon ထိုက်သင့်သော လေထုနှင့် စိုထိုင်းဆရှိသည့် နေရာ၌ သိမ်းဆည်းသင့်ပါသည်။ လေလုံသော     မီးခံသေတ္တာ တွင်းထားပါက ရေဖန်ခွက် ထားပေးရမည်။
icon သန့်စင်သောရေသုံးပြီးနူးညံ့စွက်စိုသောအဝတ်ဖြင့် ပွတ်၍ အဝတ်ခြောက်နှင့်ပွတ်တိုက်ခြင်း ဖြင့်သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးပါ။
icon ရေနွေးဖြင့် ဆေးကြောသန့်စင်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် သန့်ရှင်းရေး ပြုလုပ်ခြင်းမပြုရ။
icon ပုလဲဝတ်ဆင်မည့်သူသည် ဆံပင်ဖျန်းဆေး၊ရေးမွှေး၊မိတ်ကပ်များဦးစွာဖျန်းပြီးမှပုလဲဝတ်ဆင် ရမည်။
icon ရေမွှေးနှင့်ချွေးတို့သည်ပုလဲအားပျက်စီးစေတတ်၍ဝတ်ဆင်ပြီးတိုင်းသန့်ရှင်းရေးပြုလုပ်ပေး    ပါ။
icon ပုလဲသည် အက်ဆစ်များ၊ ပြင်းထန်သော ဓာတုပစ္စည်း များနှင့် လုံးဝ ထိတွေ့မရပါ။
icon ပုလဲဝတ်ဆင်၍ ရေကူးခြင်း၊ ချက်ပြုတ်ခြင်း၊ ပန်းကန် ဆေးခြင်းတို့ မပြုလုပ်သင့်ပါ။
icon ပုလဲသည် စိန်၊ ကျောက်ကဲ့သို့ မာကျောမှုမရှိ၍ ဆပ်ပြာရည်၊ သွားပွတ်တံ တို့ဖြင့်ပွတ်တိုက်    ပြီး သန့်ရှင်းရေးမလုပ်ရပါ။
icon ပုလဲအတွက်သီးခြား ထုတ်သန့်စင်ဆေးရည်ဖြစ်သည့်တိုင် Luster မှေးမှိန်၍အစက်အပြောက် များဖြစ်စေနိုင်သဖြင့် ဆေးရည်၏ အမှာစာအား သေချာစွာဖတ်ရပါမည်။

Myanmar Pearl