(၁) အရွယ်အစားကြီးမားခြင်း
(၂) ပွင့်ရည်ကောင်းမွန်းခြင်း
(၃) ရွှေအိုရောင်ထွက်ရှိခြင်း
ပုလဲအား ပွတ်ခြစ်ခြင်းမှ ကာကွယ်ရန် မာကျောသော စိန်၊ ရွှေ စသည့် ရတနာများနှင့် အတူ မထားရပါ။
ထိုက်သင့်သော လေထုနှင့် စိုထိုင်းဆရှိသည့် နေရာ၌ သိမ်းဆည်းသင့်ပါသည်။ လေလုံသော မီးခံသေတ္တာ တွင်းထားပါက ရေဖန်ခွက် ထားပေးရမည်။
သန့်စင်သောရေသုံးပြီးနူးညံ့စွက်စိုသောအဝတ်ဖြင့် ပွတ်၍ အဝတ်ခြောက်နှင့်ပွတ်တိုက်ခြင်း ဖြင့်သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးပါ။
ရေနွေးဖြင့် ဆေးကြောသန့်စင်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် သန့်ရှင်းရေး ပြုလုပ်ခြင်းမပြုရ။
ပုလဲဝတ်ဆင်မည့်သူသည် ဆံပင်ဖျန်းဆေး၊ရေးမွှေး၊မိတ်ကပ်များဦးစွာဖျန်းပြီးမှပုလဲဝတ်ဆင် ရမည်။
ရေမွှေးနှင့်ချွေးတို့သည်ပုလဲအားပျက်စီးစေတတ်၍ဝတ်ဆင်ပြီးတိုင်းသန့်ရှင်းရေးပြုလုပ်ပေး ပါ။
ပုလဲသည် အက်ဆစ်များ၊ ပြင်းထန်သော ဓာတုပစ္စည်း များနှင့် လုံးဝ ထိတွေ့မရပါ။
ပုလဲဝတ်ဆင်၍ ရေကူးခြင်း၊ ချက်ပြုတ်ခြင်း၊ ပန်းကန် ဆေးခြင်းတို့ မပြုလုပ်သင့်ပါ။
ပုလဲသည် စိန်၊ ကျောက်ကဲ့သို့ မာကျောမှုမရှိ၍ ဆပ်ပြာရည်၊ သွားပွတ်တံ တို့ဖြင့်ပွတ်တိုက် ပြီး သန့်ရှင်းရေးမလုပ်ရပါ။
ပုလဲအတွက်သီးခြား ထုတ်သန့်စင်ဆေးရည်ဖြစ်သည့်တိုင် Luster မှေးမှိန်၍အစက်အပြောက် များဖြစ်စေနိုင်သဖြင့် ဆေးရည်၏ အမှာစာအား သေချာစွာဖတ်ရပါမည်။