မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၏ မူဝါဒများ
မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းသည် အောက်ပါအတိုင်း မူဝါဒများချမှတ် ဆောင်ရွက်လျှက်ရှိပါသည်-
(က) ဌာနပိုင် ပုလဲမွေးမြူထုတ်လုပ်ရေး ကျွန်းစခန်းများအနေဖြင့် ပုလဲအရည် အသွေး များတိုးတက် ကောင်းမွန်လာစေရန် လေ့ကျင့်ရေးနှင့် သုတေသန လုပ်ငန်းများကို ဦးစားပေးလုပ်ကိုင် ဆောင်ရွက်ခြင်း၊
( ခ) ပုလဲထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သော သားဖောက် မုတ်ကောင် များကို ရှင်ကျန်နှုန်း မြင့်မားအောင်ဆောင်ရွက်ပြီး ပုလဲပိုက် မုတ်ကောင်များအား ရေသေနှုန်း နည်းပါးအောင် ဆောင်ရွက်ခြင်း၊
( ဂ) ဌာနအနေဖြင့် ကုမ္ပဏီများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး၍ နိုင်ငံတကာ နည်းပညာနှင့် လုပ်နည်းစနစ်များကို ဖြန့်ဝေပေးခြင်း၊
(ဃ) ပုလဲထုတ်လုပ်မှုသည် သက်ရှိမုတ်ကောင်များနှင့် လုပ်ကိုင် ဆောင်ရွက် ရသဖြင့် ပြောင်းလဲ လာသော ရာသီဥတု အခြေအနေများနှင့် လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲ မွေးမြူနိုင်ရေး စီမံ ဆောင်ရွက်ခြင်း၊
(င) မြန်မာကျပ်ငွေဖြင့် ပြည်တွင်း ပုလဲရောင်းချပွဲများ ၊ နိုင်ငံခြားငွေ (ယူရို) ဖြင့်ကျောက်မျက် ရတနာရောင်းပွဲများတွင် အရည်အသွေးပြည့်မီသည့် ပုလဲများ တိုးမြှင့်ရောင်းချနိုင်ရေး ဆောင်ရွက်ခြင်း။